Help & FAQs

Yangon Place website သည် ရန်ကုန်မြို့ရှိ အချက်အလက်များကို အခမဲ့ ရှာဖွေ၊ ဖြည့်သွင်းနိုင်သော website ဖြစ်သည်။ မြန်မာ၊ အင်္ဂလိပ်၊ ဂျပန် ဘာသာများဖြင့် အခမဲ့ ရှာဖွေ၊ ဖြည့်သွင်းနိုင်ပါသည်။

Website မှာ ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ကုမ္မဏီများ၊ အဖွဲ့အစည်းများ၊ အထင်ကရနေရာများ အခြား အစရှိတဲ့ အချက်အလက်ပေါင်း 2000 ကျော်နှင့် photo ပေါင်း 5000 ကျော် ရှိပါသည်။ နေ့စဉ်နှင့်အမျှ user များမှ အချက်အလက်အသစ်များ ဖြည့်သွင်းနေပါသည်။

Website ကို ဝင်ရောက်ကြည့်ရှုသူများ visitor များမှလည်း Review များ ရေးသားနိုင်ပါသည်။ Social Media (Facebook, Twitter, Linkedin) သို့ Share နိုင်ပါသည်။ Website ကို နေ့စဉ် လာရောက်ကြည့်ရှုသူ 3000 ကျော်နှင့် Review ပေါင်း 1000 ကျော် ရရှိနေပါသည်။

Website မှာ အချက်အလက်များကို Myanmar နိုင်ငံသို့ လာရောက်ရင်းနှီးမြှပ်နှံမည့်သူများ၊ ခရီးသွားဧည့်သည်များ၊ ပြည်တွင်းလုပ်ငန်းရှင်များ အစရှိတဲ့ သူများက တည်နေရာအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ မြို့နယ်အလိုက်၊ နာမည်ဖြင့် ရှာဖွေပြီး၊ ဖုန်း၊ လိပ်စာ၊ Email၊ Google Map များဖြင့် အလွယ်တကူရှာဖွေ၊ ဆက်သွယ်နိုင်ပါသည်။

ဒါကြောင့် လူကြီးမင်း၏ business သို့မဟုတ် အကြောင်းအရာတစ်ခုခုကို Yangon Place website ပေါ်ကို ဖြည့်သွင်းဖော်ပြထားခြင်းဖြင့် လူကြီးမင်း၏ business ကို နိုင်ငံခြားသား၊ ပြည်တွင်းလုပ်ငန်းရှင်များ၊ အစရှိတဲ့ အင်တာနက်သုံးဆွဲသူတိုင်းသို့ ထိရောက်စွာ ဖော်ပြပေးနိုင်ပါသည်။

လူကြီးမင်း၏ business မှာ ကိုယ်ပိုင် website url ရှိလျှင်လည်း Yangon Place website မှာ ဖြည်သွင်းထားသော url မှ တဆင့် လူကြီးမင်း၏ business website သို့ visitors မှာ ရောရှိလာမှာ ဖြစ်ပါသည်။

လူကြီးမင်းဖြည့်သွင်းထားသော အကြောင်းအရာအချက်အလက်များသို့ Google, Yahoo, Bing များမှ ရှာဖွေပြီးလည်း ရောက်ရှိနိုင်ပါသည်။
Yangon Place website မှာ အကြောင်းအရာ အချက်အလက် ဖြည့်သွင်းမည် ဆိုလျှင် E-mail ဖြင့်သော်လည်း၊ Facebook account ဖြင့်သော်လည်းကောင်း တစ်ခုခုဖြင့် Register လုပ်ရမှာ ဖြစ်ပါတယ်။

Register link

Member ဖြစ်ပြီး Sign in ဝင်ပြီး အချက်အလက်များ လွယ်ကူစွာ ဖြည့်သွင်းနိုင်ပါသည်။

Login link

Website မှာ အကြောင်းအရာ အချက်အလက်များ၊ ဓါတ်ပုံများ၊ Google Map များကို အခမဲ့ ဖြည့်သွင်းနိုင်ပါသည်။
ကြော်ငြာများ (Ad Banner image) ကို အခပေးစနစ်ဖြင့် ကြော်ငြာပေးပါသည်။ ဥပမာ။ ။ လူကြီးမင်းဖြည့်သွင်းထားသော စားသောက်ဆိုင်တစ်ခုသို့ website visitor များမှ ကြော်ငြာဓါတ်ပုံ (Ad banner image) တစ်ခုကို နိုပ်လိုက်ရုံဖြင့် အလွယ်တကူ ရောက်ရှိနိုင်အောင် ကြော်ငြာဓါတ်ပုံ (Ad banner image) ကို အမျိုးအစားအလိုက်၊ တည်နေရာအလိုက်၊ မြို့နယ်အလိုက် ဖော်ပြပေးထားပါသည်။

လူကြီးမင်းဖြည့်သွင်းထားသော အကြောင်းအရာကို ဝင်ရောက်ကြည့်ရှုသူ visitor အရေအတွက်၊ Review အရေအတွက်၊ မှတ်သားထားသူအရေအတွက် အစရှိတဲ့အချက်အလက်များကို လစဉ်အလိုက်၊ နှစ်စဉ်အလိုက် Report တစ်ခုအဖြစ် E-mail မှာ ပေးပို့သွားပါမည်။

လူကြီးမင်းကိုယ်တိုင် Promotion နှင့်ပတ်သက်ပြီး ဖြည့်သွင်းနိုင်သော webpage တစ်ခု တည်ဆောင်နိုင်တဲ့ Feature ထည့်ပေးသွားပါမည်။

အခြား လူကြီးမင်း၏ business အတွက် အကျိုးဖြစ်စေမည့် Feature များ အသစ်အသစ်များ ထည့်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီ website မှာ လူကြီးမင်း ဖြည့်သွင်းနိုင်သော အချက်အလက်များဟာ လူကြီးမင်းရဲ့ကိုယ်ပိုင် အကြောင်းအရာများ၊ ဓါတ်ပုံများ၊ အများနှင့်ဆိုင်သော အကြောင်းအရာများ ဖြစ်ရန် လိုအပ်ပါသည်။ အခြားသူ၏ အကြောင်းအရာများ၊ ဓါတ်ပုံများ ဖြည့်သွင်းထားမည်ဆိုလျှင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက Yangon Place မှ တာဝန်ယူ ဖြေရှင်းမည် မဟုတ်ပါ။